Friday, February 24, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဂျပန်-အာဆီယံ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဖလှယ်မှုကော်မတီ ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော် ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂျပန်နိုင်ငံ International Friendship Exchange Council-FEC အဖွဲ့၏ ဂျပန်-အာဆီယံ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဖလှယ်မှုကော်မတီဥက္ကဋ္ဌ မစ္စတာ နိုရီအို ယာမာဂူချီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူနေမှုဘ၀နှင့် လယ်ယာ၊ သားငါးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍ တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးပြီး ရေရှည်တည်တံ့ခိုင်မြဲရေးတို့၌ ဂျပန်နိုင်ငံမှ ပူးပေါင်း ကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

No comments:

Post a Comment