ရန်ကုန်-ဇန်န၀ါရီ ၇
သတင်း -ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
ပြန်ကြားရေးဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုး
တိုးတက်ရေး အစီအစဉ်အရ Yangon Books Street စနေ- တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း စာအုပ်
ဈေးတန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်
ထုတ်ဝေရေး ဦးစီးဌာန ဗဟို ပုံနှိပ်စက်ရုံရှေ့ ဥပစာ၌ ကျင်းပသည်။
Yangon Books Street စနေ- တနင်္ဂနွေ ရန်ကုန်
စာအုပ်လမ်း စာအုပ်ဈေးတန်း ဖွင့်ပွဲကို ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ
သာထွန်းဦးနှင့် စာအုပ်လမ်း ကြီးကြပ် ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးညွန့် တို့က ဖဲကြိုးဖြတ်၍
ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည်
သိမ်ဖြူလမ်းရှိ စနေ- တနင်္ဂနွေ ရန်ကုန်စာအုပ်လမ်း စာအုပ်ဈေးတန်း၌ ဖွင့်လှစ် ရောင်းချလျက်
ရှိသော စာအုပ် အရောင်းဆိုင်များကို လှည့်လည် ကြည့်ရှု အားပေးကြသည်။
အဆိုပါ Yangon Books Street စနေ- တနင်္ဂနွေ
ရန်ကုန်စာအုပ်လမ်း စာအုပ် ဈေးတန်းကို ဧပြီလအထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း နံနက်
၉ နာရီမှ ညနေ ၆ နာရီအထိ စာအုပ်တိုက်များမှ စာအုပ်ဆိုင်ပေါင်း ၁၀၀ ကျော်က ဖွင့်လှစ်
ရောင်းချ သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဖွင့်ပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာနမှ
ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ မြန်မာနိုင်ငံ
စာပေ ထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်း၊ စာအုပ်လမ်း ကြီးကြပ် ကော်မတီနှင့် စာအုပ်
အရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။



No comments:
Post a Comment