နေပြည်တော်၊ ဇန်နဝါရီ ၇
ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ကြော်ငြာ ခေါ်ယူခဲ့သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန
ဌာနစုမှူး(၂)/ တတိယအတွင်းဝန် ရာထူးများနှင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း (၁၃) ခုမှ ပြန်တမ်းဝင်
အရာရှိ လစ်လပ် ရာထူး နေရာများ အတွက် ရာထူးဝင်ခွင့် ရေးဖြေ စာမေးပွဲများကို နေပြည်တော်၊
ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ မကွေးမြို့များရှိ စာစစ်ဌာနများနှင့်
နိုင်ငံခြားရေး ဝန်ကြီးဌာန ရာထူးများ အတွက် ပြည်ပ စာစစ်ဌာနများ ဖြစ်သော ပါရီမြို့၊
စင်ကာပူမြို့ စာစစ်ဌာနများတွင် ယနေ့ တစ်ပြိုင်တည်း ကျင်းပခဲ့ရာ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့
ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် အဖွဲ့ဝင် ဒေါက်တာ ဦးပွားနှင့် တာဝန်ရှိသူများ လိုက်ပါလျက်
ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် အ.ထ.က (၇)၊ အ.ထ.က(၉)၊ အ.ထ.က (၁၁) စာစစ်ဌာနများသို့
သွားရောက်ကာ အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုမှု အခြေအနေကို ကြည့်ရှု စစ်ဆေးပြီး စာမေးပွဲ ဖြေသူများကို
အားပေး စကား ပြောကြားခဲ့သည်။
အဆိုပါ ရာထူးဝင်ခွင့် ရေးဖြေ စာမေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် လစ်လပ်လျက်
ရှိသော ဌာနစုမှူး(၂)/ တတိယ အတွင်းဝန်ရာထူး (၅၀)နေရာသို့ ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း
(၂၂၅၁) ဦး၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၁၃) ခုတို့တွင် လစ်လပ်လျက် ရှိသော ပြန်တမ်းဝင်အရာရှိ
ရာထူး (၂၇၀) နေရာအတွက် ဝင်ရောက် ဖြေဆိုသူ စုစုပေါင်း( ၆၈၀၈ ) ဦး ရှိကြောင်း သိရသည်။
ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီး အတွက် လိုအပ်သော
အရည်အသွေးမြင့် အရာထမ်းများကို ရွေးချယ်ပေးရာတွင် ယခင်က အသုံးပြုလျက်ရှိသော မေးခွန်းပုံစံ
များအစား ပြည်သူ့ဝန်ထမ်း တာဝန် ထမ်းဆောင်လိုခြင်း အရင်းခံအကြောင်း (Motivation)ကို
ဖော်ထုတ် ပြသနိုင်မည့် မေးခွန်းပုံစံအဖြစ် ပြောင်းလဲကာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သုတရေးရာ
ဘာသာရပ်များကို စစ်ဆေးပြီး ရေးဖြေ စာမေးပွဲ အောင်မြင်သူများကို စိတ်အခြေအနေနှင့် လူတွေ့
နှုတ်ဖြေ စစ်ဆေးကာ ရွေးချယ်ပေးလျက် ရှိကြောင်းနှင့် လစ်လပ်ရာထူး နေရာအတွက် ရွေးချယ်ခြင်း
ခံရသူများကို ဗဟိုဝန်ထမ်း တက္ကသိုလ်များရှိ ပြည်သူ့ဝန်ထမ်း အကယ်ဒမီများတွင် ဖွင့်လှစ်မည့်
အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့
တက်ရောက် စေပြီးနောက် ဘွဲ့လွန်ဒီပလိုမာ ချီးမြှင့်အပ်နှင်းကာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်
အဖွဲ့အစည်း အသီးသီးတွင် ပြန်တမ်းဝင် အရာရှိ ရာထူး ခန့်အပ်၍ တာဝန်များ ထမ်းဆောင်စေမည်
ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:
Post a Comment