ဂန့်ဂေါ
ဇန်နဝါရီ ၁၅
ဂန့်ဂေါခရိုင်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် PDLS ခေါ် WIFI စနစ်ကို အသုံးပြု၍
ANDROID , i OS ဖုန်းများဖြင့် စာအုပ်များ DOWNLOAD ယူကာ စာအုပ်၊ စာပေများ လေ့လာဖတ်ရှုနိုင်သည့်
စနစ်ကို ယခင်နှစ်များမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
PDLS
စက် တပ်ဆင်ချိန်က အဆင့်နိမ့်ဖုန်းများသာ သုံးစွဲနေကြသဖြင့် အသုံးပြုနိုင်မှု အားနည်းခဲ့သော်လည်း
ယခုအခါတွင် FACEBOOK အသုံးပြုနိုင်သည့် ဖုန်းများကို အသုံးပြုလာကြပြီဖြစ်ရာ PDLS စနစ်ကို
အသုံးပြု၍ စာအုပ်စာပေ လေ့လာဖတ်ရှုသူ တိုးပွားလာကြောင်း နှင့် PDLS စနစ်ဖြင့် သုတ၊ သုတရသ၊
ရသ စာအုပ်များ၊ မဂ္ဂဇင်းများ ၊ ကာတွန်းစာအုပ်များ ၈၀၀၀ ခန့် အခမဲ့ ရယူနိုင် လျက်ရှိကြောင်း
သိရသည်။
ထို့ပြင်
စာပေကို လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ကြရန် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန ဝန်ထမ်းများသည် စာအုပ်စာပေများကို သွားရောက်ပို့ဆောင် လဲလှယ်နေသည့်အပြင်
ဂန့်ဂေါဒေသ၌ အဆက်မပြတ် လျှပ်စစ်မီးလည်း ရရှိနေပြီဖြစ်ရာ အဆိုပါ WIFI စနစ်သုံး PDLS
စက် ဖြင့်လည်း စာသင်တိုက်များ၊ လူစုလူဝေးရှိသည့် နေရာများသို့ MOBILE စနစ်ဖြင့် သွားရောက်ကွင်းဆင်း
ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
"ဥူးပဉ္ဇင်းက
ဓမ္မစာအုပ် တစ်အုပ်နဲ့ ပါရဂူ ရေးတဲ့စာအုပ် တစ်အုပ်ယူတယ်၊ ဖုန်းထဲမှာ စာအုပ်ဖတ်နိုင်တော့
သွားလေရာကို စာအုပ်ကြီးသယ်သွားစရာ မလိုတော့ဘူးလေ၊ စာအုပ်စာပေတွေ တိုးပွါးပြီး ဖတ်နိုင်အောင်
ကြိုးစားရမှာပေါ့" ဟု မြို့ခင်းသာပရိယတ္တိ စာသင်တိုက်မှ စာသင်သား တစ်ဦးက မိန့်ကြားပြောဆိုခဲ့သည်။
ခရိုင်
(ပြန်/ဆက်)
No comments:
Post a Comment