Sunday, January 15, 2017

ဂန့်ဂေါခရိုင် ကျောက်ထုမြို့သို့ လျှပ်စစ်ဓာတ်အား ရောက်ရှိတော့မည်

ကျောက်ထု ဇန်နဝါရီ ၁၅
ပေါက်- ကျောက်ထု- မင်းတပ် လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်လျက်ရှိရာ ဂန့်ဂေါခရိုင် ကျောက်ထုမြို့သို့ လျှပ်စစ်ဓာတ်အားလိုင်း ရောက်ရှိလာပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး လျှပ်စစ်ဌာနနှင့် ပြည်သူများ ဇန်နဝါရီ ၁၄ ရက်က ကျောက်ထုမြို့ ဓမ္မဗိမာန်ကျောင်းတိုက်တွင် တွေ့ဆုံ ရှင်းလင်း၊ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြို့မရပ်ကွက်၊ ဂုံဘိုရပ်ကွက်၊ လေယာဉ်ကွင်းရပ်ကွက်များမှ ပြည်သူများ ၄၈၀ ဦးတို့ တက်ရောက်ကြပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ တည်ဆောက်လျှက်ရှိရာတွင် ကျောက်ထုမြို့၌ ၆၆/၁၁ ကေဗွီ (5 MVA) ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကာ လျှပ်စစ်မီတာ ဘောက်ဆ်များကိုလည်း ကြိုတင်တပ်ဆင်သွားရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း လျှပ်စစ်ဌာန၏ ရှင်းလင်းတင်ပြချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment