မိတ္ထီလာ၊ ဇန်နဝါရီလ ၁၃
ဗြိတိန်နိုင်ငံမှ WAPLINGORRAIN
MICHELLE နှင့် RUSSELL HANNAHMIRIAM တို့
မိတ္ထီလာမြို့နယ် ရှိအမျိုး သမီးများ အကြမ်းဖက်မှုလျော့ချရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏
အခြေအနေများကို အက်ရှင်အေ့ဒ် အဖွဲ့နှင့်အတူ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက မိတ္ထီလာမြို့နယ်ရှိ
လူကုန်ကူးမှုတားဆီးနှိမ်းနှင်းရေး တပ်ဖွဲ့စိတ်(၁)ရုံးနှင့် ကျေးရွာ (၃)ရွာသို့ လာရောက်လေ့လာခဲ့ကြောင်း
သိရသည်။
မိတ္ထီလာမြို့နယ်ရှိအမျိုးသမီးများ အကြမ်းဖက်မှုလျော့ချရေးဆိုင်ရာ
လုပ်ငန်းစဉ်များ ဆောင်ရွက်မှု အခြေ အနေများ သိရှိနိုင်ရန်အတွက် WAPLINGORRAIN MICHELLE နှင့် RUSSELL HANNAHMIRIAM တို့နှင့်အတူ အက်ရှင် အေ့မြန်မာ (မိတ္ထီလာ)
အဖွဲ့တို့က လူကုန်ကူးမှုတားဆီး နှိမ်းနှင်းရေး တပ်ဖွဲ့စိတ်(၁)ရုံးမှ ရဲမှူး မျိုးလွင်နှင့်ရွာသစ်၊
ဝက်ကုန်း၊ မကျီးချိုကျေးရွာများမှ အမျိုးသမီး အကြမ်းဖက်မှုလျော့ချရေး ဥက္ကဌများနှင့်
သွားရောက်တွေ့ဆုံ၍ အမျိုးသမီးများ အကြမ်းဖက်မှုလျော့ချရေးဆိုင်ရာ လုပ်ငန်းစဉ် များဖြစ်သည့်
မြို့နယ်အတွင်း၌ အသိပညာပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ မြို့နယ်အတွင်း၌
အဖြစ်များတက်သည့် အမှုများ အကြောင်းနှင့် ကျေးရွာလူထုများအနေဖြင့် မသန်းစွမ်းသူများအပေါ်
ထားရှိမှု အခြေအနေများကို မေးမြန်းခဲ့သည်။
အဆိုပါ တွေ့ဆုံ မေးမြန်းမှု အခြေအနေများကို
ပြုစု၍ နှောင်တွင် မသန်းစွမ်းသူများမှ စွမ်းရည်မြှင့်တက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာ၍
အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် လူကုန်ကူးမှုတားဆီး နှိမ်းနှင်းရေးတပ်ဖွဲ့များနှင့်အတူ
ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
No comments:
Post a Comment