နေပြည်တော် ဇန်န၀ါရီ ၁၃
ရခိုင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့်
လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းများအတွက် ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသည့်
အမေရိကန်ဒေါ်လာ နှစ်သိန်းကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ ဖီစနု
ဆူဗန်နာဂျတာက ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က
လက်ခံသည်။
အဆိုပါ လှူဒါန်းငွေများကို လူသားချင်းစာနာမှု
အကူအညီများ ပေးအပ်ရန်အတွက် ဖွင့်လှစ်ထားသည့် သက်ဆိုင်ရာ ငွေစာရင်းသို့ လွှဲပြောင်းပေးအပ်ပြီး
ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် အစိုးရသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment