လွိုင်ကော် ဇန်နဝါရီ ၁၂
၂ဝ၁၇ ခုနှစ်၊ (၆၅)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်
ကန္ဒရဝတီအလှမယ်ပြိုင်ပွဲကို ဇန်နဝါရီလ (၁၂)ရက် နေ့၊ ညနေ(၄း၃ဝ)နာရီ အချိန်က ကယားပြည်နယ်ခန်းမ၌
ပြုလုပ်ရာ ကန္ဒရဝတီအလှမယ် (၁၆)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ရှေးဦးစွာ ကန္ဒရဝတီ အလှမယ်များသည် တစ်ဦးချင်းမိတ်ဆက်ပြီး
သတ်မှတ်ကိုယ်ဟန်ပြချက်(၄)ချက်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ကန္ဒရဝတီအလှမယ်
(၁၁) ဦးအား ပဏာမရွေးချယ်ပြီး ယင်းအလှမယ်များက
စိတ်ကြိုက်ကိုယ်ဟန်ပြချက် (၃)ချက်ဖြင့် ဆက်လက်ယှဉ်ပြိုင်ကြပြီး ဗဟုသုတမေးခွန်းများ
မေးမြန်းခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို
ပြုလုပ်ရာ ကန္ဒရဝတီအလှမယ် ပထမတံခွန်စိုက်ဆုရရှိသွားသော ကျန်းမာရေး ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့်
အားကစားဝန်ကြီးဌာနကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော ခါးနံပါတ်(၆) ကန္ဒရဝတီအလှမယ် မနှင်းအိလွင်အား
ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ကယားပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့၊
နာယက ဒေါ်မြင့်မြင့်မော်က တံခွန်စိုက်ဆုကိုလည်းကောင်း၊ ကန္ဒရဝတီအလှမယ် ဒုတိယဆုရ ဥပဒေချုပ်ရုံး၊
တရားရုံးနှင့် စာရင်းစစ်ချုပ်ရုံးတို့ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သော ခါးနံပါတ်(၂)
မခင်မြတ်မြတ် သူအား ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ဇနီး ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ နာယက
ဒေါ်နန်းစောခင်က လည်းကောင်း၊ ကန္ဒရဝတီအလှမယ် တတိယဆုရ လွိုင်ကော်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊
ကွန်ပျူတာတ က္ကသိုလ်နှင့် ပညာရေးကောလိပ်ကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သော ခါးနံပါတ်(၁၅)
မနန်းထက်ထက်အောင်အား ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဌ၏ ဇနီး ကယားပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးကြီးကြပ်ရေးအဖွဲ့ဝင်
၊ ဒေါ်ခင်မမွှေးကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိသော ကန္ဒရဝတီအလှမယ်များအား ပြည်နယ်လမ်းပန်းဆက်သွယ်ရေး
နှင့်လျှပ်စစ် ဝန်ကြီး၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်အေးဝင်းနှင့် အထူးဆုရရှိသော
ကန္ဒရဝတီ အလှမယ် များအား ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၏ဇနီး ကယားပြည်နယ် အမျိုးသမီးရေးရာအဖွဲ့
ဥက္ကဌ ဒေါ်စိုးပပတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်ပြန်/ဆက်
No comments:
Post a Comment