Friday, January 13, 2017

MSI (၁၀)နှစ်ပြည့် နိုင်ငံတကာ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး များပေးအပ်မည့် ပညာရေးပြပွဲကြီး ကို မြို့ကြီး (၃) မြို့တွင် ကျင်းပမည်

တောင်ကြီး ဇန်နဝါရီ ၁၃
Myanmar Search International:(MSI) Education Consualatancy Services Co.,Ltd. မှကြီးမှူး၍ မြန်မာ နိုင်ငံမှ သွားရောက်ပညာ သင်ကြားနေသော ကျောင်းသားကျောင်းသူများ လိုက်ပါပို့ဆောင်မည့် မိဘဆွေမျိုးများနှင့် ခေတ္တ အလည်အပတ်သွားရောက်မည့်သူများအတွက် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကျောင်းပေါင်း (၁၈)ကျောင်းနှင့် စင်္ကာပူနိုင်ငံ၏ အိမ်ခြံမြေအကျိုးဆောင်တစ်ခုဖြစ်သည့် Evo House တို့ပါဝင်ဆင်နွှဲမည့် MSI၏ (၁၀)နှစ်ပြည့် နိုင်ငံတကာ
ပညာသင်ဆုနှင့် ပညာသင်ထောက် ပံ့ကြေးများပေးအပ်မည့် ပညာရေးပြပွဲကြီး ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ(၂၁) ရက်နေ့တွင် ရန်ကုန်မြို့၊ (၂၂)ရက်နေ့တွင် မန္တလေးမြို့၊ (၂၃)ရက်နေ့ တွင် တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ ရိုင်ရယ်စတား ဟော်တယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ Certificate တန်းများ ဒီပလိုမာအတန်းများ၊ ဘွဲ့ဒီဂရီအတန်းများ၊ ဘွဲ့လွန်တန်းများ ကို တက်ရောက်ကြမည့် ကျောင်းသား ကျောင်းသူများ မိဘများနှင့်(One to One Disscussion) တစ်ဦးချင်း တိုက်ရိုက် ဆွေးနွေး ပေးမည်ဖြစ်ပြီး၊ တက္ကသိုလ်များအား အရင်းမြစ်နိုင်ငံများမှာ America, England, Australia, Switzerland, Singapore, Malaysia, Thailand, China တို့ဖြစ်ကြောင်း Myanmar Search International:(MSI) ၏မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရသည်။
ဆွေးနွေးပွဲကြီးကို ပါဝင်ဆင်နွှဲမည့် ကမ္ဘာ့ထိပ်သီး တက္ကသိုလ်နှင့် ကောလိပ်များမှာ ဆွစ်ဇာလန်နိုင်ငံရှိ IMI University နှင့် HTMI Institude၊ ထိုင်းနိုင်ငံရှိ အမေရိကန်တက္ကသိုလ် Webster University၊ စင်္ကာပူနိုင်ငံရှိ Kaplan Higher Academy၊ PSB Academy၊ SIM Glabal Education၊ MDIS James Cook University၊ (JCU, Singapore)၊ DIMENSIONS နှင့် Auston Instituteများ၊ မလေးရှားနိုင်ငံရှိ Taylor's University Australi နိုင်ငံ၏ ပင်မကျောင်းခွဲဖြစ်သော Curtin University (Sarawak)၊ SEGI University၊ XMU University Perang University College နှင့် INTI University and college ပါဝင်မည်ဖြစ်သည်။
ဘာသာရပ် ပေါင်းများစွာထဲမှ မိမိနှစ်သက်သည့် ဘာသာရပ်များကို ရွေးချယ်၍ ပညာသင်ဆုငွေများ ပညာသင်ထောက်ပံ့ ကြေးငွေများကို ဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ လျောက်ထားနိုင်ပြီး လိုအပ်သည့် အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက်များအတွက် IELTS Course များ English Proficiency Test (EPT) များ ဖြေဆိုခြင်း၊ မိမိဘဝအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်ရွေးချယ် ရာတွင်မှန်ကန်တိကျသော ရွေးချယ်မှု ဖြစ်စေရန်အတွက် MSI ၏ Aptitude Test တို့ကို ဖြေဆို၍ အားရကျေနပ်သည် အထိCounseling ပြုလုပ်ပေးခြင်းတို့ကို အခမဲ့ဖြေဆိုလိုသူမျာ ၎င်းဆွေးနွေးပွဲနေ့တွင် စာရင်းပေး သွင်းနိုင်ကြောင်း MSI မှ သိရသည်။
ပညာသင်ဆုငွေနှင့် ထောက်ပံ့ကြေးငွေများကို ကျောင်းလခ၏ ၃၀%၊ ၄၀%၊ ၅၀%၊ ၇၅%၊ ၈၀%၊ ၁၀၀% အထိ ကင်းလွတ်ခွင့်လျောက်ထားနိုင်မည့်အပြင် လစာဝင်ငွေရအလုပ်သင်ကာလများနှင့် Work-ready ဖြစ်စေသော Programs များကို တွဲဘက်သင်ကြားပေးသည့် တက္ကသိုလ်များပါ ပါဝင်ဆင်နွဲမည်ဖြစ်သည့်အပြင်၊ ၎င်းကျောင်းများမှ ဘွဲ့ရရှိပြီး ကျောင်းသား ကျောင်းသူများအတွက် ရရှိနိုင်မည့် နိုင်ငံတကာအလုပ်အကိုင် အခွင့်အလမ်းများ လစာနှုန်းထားများကိုပါ တစ်ဦးချင်းဆွေးနွေးပေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်၍ ဆွေးနွေးပွဲ တက်ရောက်ပြီး MSI မှ ကျောင်းလျောက်ထားမည့် သူများသည် သတင်းအချက်အလက်ကို တိကျ မှန်ကန်စွာ စာရင်းပေးသွင်းခြင်းဖြင့် MSI ၏ (၁၀)နှစ်ပြည့် အထိမ်းအမှတ် အထူးခံစားခွင့်ဖြစ်သော သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းဝင်ကြေး ကင်းလွတ်ခွင့်များ လျော့ပေါ့ခံစားခွင့်များနှင့် နိုင်ငံတကာ အသိအမှတ်ပြု အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ စသည့်အကျိုးခံစားခွင့်များကို ရရှိနိုင်မည်ဖြစ်ပြီး ပညာသင်ဆု နှင့် ထောက်ပံ့ကြေးငွေများကို လျောက်ထားနိုင်သူများမှာ Sec-3,Sec-4 မှ (၉)တန်းအောင်၊ (၁၀) တန်းအောင် ကျောင်းသား ကျောင်းသူများ IGCSE,GCE 0 LEVEL,ALEVEL, lCCI LEVEL-3,HND ကျောင်း သား ကျောင်းသူများ ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် အစိုးရတက္ကသိုလ်တက်ရောက်ပြီး၊ တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများ အစိုးရအသိအမှတ်ပြု ဘွဲ့ဒီဂရီတစ်ခုခုရရှိပြီးသူများဖြစ်ပြီး ပြည့်စုံသော ပညာရေး အထောက်အထားဆိုင်ရာ စာရွက် စာတမ်းများ တစ်ပါတည်းယူဆောင် လာရန်နှင့် အသေးစိတ်သိရှိလိုပါက Myanmar Search International:(MSI) Education Consualatancy Services Co.,Ltd. ဝန်ဆောင်မှု ရုံးခန်းအမှတ် (၂၃၄)၊ ဒုတိယထပ် ညာဘက်၊ ရွှေဘုံသာ လမ်း အလယ်ဘလောက်၊ ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့၊ ဖုန်း 01-250929 သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါကြောင်း သတင်းရရှိသည်။

မောင်မောင်သန်း (တောင်ကြီး)

No comments:

Post a Comment