မော်လမြိုင် ဇန်န၀ါရီ ၁၃
မွန်ပြည်နယ်၊
မော်လမြိုင်မြို့တွင် သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၆
ခုနှစ်၊ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် ၀င်ရောက်ဖြေဆို အောင်မြင်တော်မူကြသော စာအောင်
သံဃာများနှင့် သီလရှင် စုစုပေါင်း (၃၂၄)ပါတို့အား စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် (၃၇)ကြိမ်မြောက်
စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို
ဇန်န၀ါရီလ (၁၅) ရက်နေ့၊ နေ့လည်
(၁)နာရီ အချိန်ခန့်တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး အဆိုပါ လောင်းလှူပွဲ အခမ်းအနားတွင်
စာအောင်သံဃာနှင့် သီလရှင် အပါး(၃၁၄)ပါး၊ ပင့်သံဃာ(၁၀)ပါး၊ စုစုပေါင်း (၃၂၄)ပါးတို့အား
ဆွမ်းဆန်စိမ်းများ လောင်းလှူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်နယ်
(ပြန်/ဆက်)
No comments:
Post a Comment