တနင်္သာရီ ဇန်နဝါရီလ ၁၃
တနင်္သာရီမြို့နယ်၊
သိန်ခွန်းကျေးရွာအုပ်စု ၊ မောတောင်အမှတ် (၉) ကျေးရွာမှ ရေဘေးသင့်ပြည်သူများအား မောတောင် အမှတ် (၆) ကျေးရွာဘုန်းတော်ကြီးကျောင်း
ဆရာတော်အရှင်နန္ဒသီရိ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း၊ တနင်္သာရီမြို့
ပညာဒါနကုသိုလ်ရှင် လူငယ်များအဖွဲ့၊ အမှတ်(၅၅၇)ခြေမြန်တပ်ရင်း မိသားစုဝင်များနှင့်ဒသခံစေတနာရှင်များ
ပူးပေါင်းလျက် ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီ
၁၅ အချိန်က အမှတ် (၉) ကျေးရွာ ဘုန်းတော်ကြီးကျောင်း
ယာယီ ကယ်ဆယ်ရေးစခန်းတွင် (အဝတ်အထည်၊ စောင်နှင့်ခြင်ထောင်) ပါသော အထုပ်(၉) ထုပ်နှင့် ဆန်တစ်အိတ်တို့ကို သွားရောက်ထောက်ပံ့
ပေးအပ်ခဲ့ကြသည်။
အဆိုပါထောက်ပံ့ပစ္စည်းများအား
မောတောင်ဒေသကွပ်ကဲရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်ဌာနဆိုင်ရာများ၊
ရွှေမောတောင် ပရဟိတအသင်း၊ မေတ္တာရေစင် ပရဟိတအသင်းနှင့်ဇီဝက ကျန်းမာရေးစောင့် ရှောက်မှုကွန်ရက်တို့မှ
လက်ခံရယူကြပြီး ၄င်းအဖွဲ့များမှ ရေဘေးသင့်ပြည်သူမိသားဝင်များထံ
ထပ်ဆင့်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
No comments:
Post a Comment