Friday, January 20, 2017

မြောက်ဦးမြို့နယ်၌ပြည်သူလူထုအခြေပြု ငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် MARC စီမံချက်ရေးဆွဲဆောင်ရွက်

မြောက်ဦး  ဇန်န၀ါရီ  ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းကကြီးမှူးကျင်းပပြုလုပ်သော ပြည်သူလူထုအခြေပြုငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် MARC စီမံချက် မြို့နယ် အဆင့် အသိပညာပေး ရှင်းလင်းတင်ပြပွဲကို ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူလူထုအခြေပြုငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် MARC စီမံချက် မြို့နယ်  အဆင့် အသိပညာပေးရှင်းလင်းတင်ပြပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘိုဘိုမင်းသိုက် ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်လက်ထောက်ဆရာဝန်ဒေါက်တာ ဇော်မင်းဦး ၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း ရခိုင်ပြည်နယ်ညှိနိုင်းရေးမှူး ဦးသိန်းဟန် ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၃၀)ဦးတက်ရောက်ကြသည်။
ထို့နောက် ပြည်သူလူထုအခြေပြုငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် MARC စီမံချက် မြို့နယ် အဆင့် အသိပညာပေးရှင်းလင်းတင်ပြပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်လက်ထောက် ဆရာဝန်တို့ကအဖွင့် အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ်ညှိနိုင်းရေးမှူးက အသင်းအကြောင်းအားရှင်း လင်းပြောကြားသည်။ယင်းနောက် ငှက်ဖျား စီမံချက်လက်ထောက်မန်နေဂျာ ဦးခွန်ဆိုင်းဦးက MARC ကို ၂၀၀၉ ခုနှစ်မှစတင်၍ တိုင်းနှင့်ပြည်နယ် (၅)ခု ၊ မြို့နယ်(၁၁)မြို့နယ်မှ ကျေးရွာပေါင်း(၅၉၇)ရွာတွင်  ပြည် သူလူထုအခြေပြုငှက်ဖျားရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်း များကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ၄င်းတို့အဖွဲ့မှ ကျေးလက်ဒေသများသို့ ကွင်းဆင်းခြင်း ၊ ကျေးရွာများသို့သွား ရောက်ပြီးငှက်ဖျား ရောဂါအကြောင်းအသိပညာပေးဟောပြောခြင်း ၊ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေး ခြင်းတို့ကို စီမံချက်ကာလအတွင်း ကုသပေခြင်းများကိုဆောင်ရီက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ 

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment