Saturday, January 21, 2017

နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ နိုင်ငံတော်သမ္မတဦးထင်ကျော် ဂါရ၀ပြုဩဝါဒခံယူ


ရန်ကုန် ဇန်နဝါရီ ၂၁
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများထံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂါရ၀ပြုဩဝါဒခံယူပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ရှေးဦးစွာ   နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သာသနာရေးဆိုင်ရာများကို လျှောက်ထားရာတွင် သက်တော်ဝါ တော်ကြီးမြင့် သည့် ဆရာတော်ဘုရားကြီးများကို ယခုကဲ့သို့ ကျန်းကျန်းမာမာနှင့် အထောက်အကူမပါ သွားလာနိုင်သည်ကို ဖူးမြှော်ရ သည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ သာသနာ တော်မြတ်ကြီး အတွက်လည်း များစွာအားရှိပါကြောင်း၊ ယခုကဲ့သို့ ဂါရ၀ပြုလာရောက်ရခြင်းမှာ အရှင်ဘုရားတို့၏ ဩဝါဒများကို နာကြားခံယူရန်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇော တိက ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသက သင်္ဂဟတရားလေးပါးဖြစ်သည့် ဒါန၊ ပေယျဝဇ္ဇ၊ အတ္ထစရိယာ၊ သမာနတ္တ တာတို့နှင့် စပ်လျဉ်း၍ ဩဝါဒချီးမြှင့်တော်မူသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ကြီး များအား နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝထ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ 

No comments:

Post a Comment