Friday, January 20, 2017

သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တံတားဦး  ဇန်န၀ါရီ  ၂၀
 ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူပေါင်းပြီး အေးကြည်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ သက်ငယ်မုဒိမ်း မှုပပျောက်ရေး အကြောင်း ပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးလွင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်နှင့်လုပ် ငန်းတာဝန်များအကြောင်းကို၎င်း လေဆိပ်နယ်မြေရဲစခန်းမှူး ရဲအုပ်ခင်ဝင်းက သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် မှုခင်းကျဆင်းရေးအကြောင်းကို၎င်း အကျယ်တ၀င့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်ကြည်ကြည်ခိုင်က အမျိုးသမီးရေးရာ အကြောင်း သိကောင်းစရာများကို၎င်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ပြန်ကြားရေး အကြောင်းသိကောင်းစရာများနှင့် စာပေ အကြောင်းသိကောင်းစရာများကို၎င်း အသီးသီးဆွေးနွေးပြောကြားကြပြီး ကျေးရွာကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက်အခမ်းအနားအနားသို့ တက်ရောက်လာကြသော ဆရာ/မများ ကျောင်းသား/သူများ ကျေးလက် နေပြည်သူများက သက်ငယ်မုဒိမ်းနှင့်ပတ်သက်သည့်အကြောင်းအရာများ မိမိတို့သိရှိလိုသော မှုခင်းအကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတိုးလွင်နှင့် တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment