နေပြည်တော်၊
ဇန်န၀ါရီ ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်အတွင်း
KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင် ၂၃ ဦးသည် လက်နက် ခဲယမ်းများနှင့်အတူ
ယနေ့ နံနက်ပိုင်းတွင် ဥပဒေ ဘောင် အတွင်းသို့ ၀င်ရောက် လာကြောင်း သိရသည်။
အဆိုပါ အဖွဲ့သည် ယနေ့ နံနက်
(၁၀)နာရီတွင် နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းနှင့် ဆက်သွယ်၍
စိုးစိုး ခေါင်းဆောင်သည့် တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် လက်နက်မျိုးစုံ ၈ လက်၊
ကျည်မျိုးစုံ ၁၄၉ တောင့်၊ ကျည်အိမ် မျိုးစုံ ၈ ခု၊ ဗုံးသီး ၃ လုံး၊ မိုင်း ၇
လုံးတို့နှင့်အတူ ဥပဒေဘောင် အတွင်းသို့ ၀င်ရောက် လာခဲ့ရာ နယ်မြေခံ တပ်မတော် စစ်ကြောင်း
တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆို လက်ခံခဲ့သည်။
၎င်းတို့အနေဖြင့် KKO ခွဲထွက် စောဆန်းအောင်
အဖွဲ့၏ လုပ်ရပ်များအပေါ် လက်ခံမှုမရှိခြင်း၊ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်၍
ငြိမ်းချမ်းစွာ နေထိုင်လိုခြင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်၏ တိုင်းရင်းသား ပြည်သူများ
အပေါ် ထားရှိသည့် သဘောထား စေတနာအမှန်ကို နားလည် သဘောပေါက် လာသည့် အတွက် ဥပဒေဘောင် အတွင်းသို့
ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment