နေပြည်တော်
ဇန်န၀ါရီ ၇
ရခိုင်ပြည်နယ်၊ မောင်တော
မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်
ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင် အကြမ်းဖက်
တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ ၎
ဦးအား ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များသည်
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူများ ခိုအောင်းနေကြောင်း သတင်းအရ ယနေ့မွန်းလွဲ
၂ နာရီခွဲခန့်တွင် မြစ်နားကျေးရွာသို့ သွားရောက် ရှာဖွေစစ်ဆေးစဉ် အဘ မိုနီဇာမာ၏သား ဘော်နီအာမီ၊ အဘ
နာဇီအာမောက်၏ သား မာမောက်ဖွေရာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်သူ
များအတွက် ငွေကြေး ထောက်ပံ့ပေးသူ ဆေးအိုးပြင် ကျေးရွာနေ အဘ အဒူဆော်လန်၏ သား အဒူလာကိန်းတို့အား
ဖမ်းဆီးရမိခဲ့သည်။
အလားတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်
တောင်ပြို လက်ဝဲမြို့၊ အမှတ်(၂) ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည်
မြို့အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် အမှတ်(၁) ရပ်ကွက်၌ ကြက်ရိုးပြင် ကျေးရွာနေ
မသင်္ကာသူ အဘ နိုဇူမျာ ၏သား မာမတ်ရော်ဖီးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီး ရမိသူများအား သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း
အပ်နှံသွားမည် ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)


No comments:
Post a Comment