Friday, January 6, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အား ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးနှင့် ချီလီနိုင်ငံသံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ


နေပြည်တော် ဇန်န၀ါရီ ၅
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Alex G.Chua အား နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ထို့အတူ နံနက်(၉)နာရီ မိနစ်(၄၀)တွင် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဗန်ကောက်အခြေစိုက် ချီလီနိုင်ငံသံအမတ်ကြီး H.E.Mr.Javier Becker အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲများသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment