စစ်ကိုင်းတိုင်းဒေသကြီး၊
ကောလင်းမြို့နယ် တောင်ကြီးကျေးရွာ၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၉နာရီအချိန်တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့်
ဂျိုက်ကာ(jiCA)တို့ပူးပေါင်းပြီး အခြေခံငါးမွေးမြူရေးသင်တန်းကို တစ်ရက်ကြာ ဖွင့်လှစ်ခဲ့သည်။
အခြေခံငါးမွေးမြူရေးသင်တန်းတွင်
ကောလင်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းနှင့် ၀န်ထမ်းများ၊ ငါးမွေးကန်ပိုင်ရှင်များက အခြေခံငါးမွေးမြူရေးနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး သင်တန်းသား (၅၉)ဦး
တက်ရောက်ခဲ့ကြသည်။
ကောလင်းမြို့နယ်အတွင်း၌
အခြေခံငါးမွေးမြူရေး တစ်ရက်တာ သင်တန်းကို ကုက္ကိုကုန်းနှင့် အင်ပင်လှကျေးရွာအုပ်စုများတွင် ဇန်န၀ါရီလအတွင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ကောလင်းမြို့နယ်၌
ငါးလုပ်ငန်းဦးစီးဌာနနှင့် ဂျိုက်ကာ(jiCA)တို့ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော ငါးလုပ်ငန်းကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၈ မတ်လအထိ ၅ နှစ် စီမံကိန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း
သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)
No comments:
Post a Comment