Friday, January 27, 2017

ကြံခင်း-ဆိပ်သာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ကြံခင်း ဇန်နဝါရီ (၂၇)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၄၅.၁၃)သန်းဖြင့် ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စုအတွင်းရှိ ကြံခင်း-ဆိပ်သာလမ်း (၁)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို Green Delta Holding ကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ ရက်နေ့က ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်အဖွဲ့က
လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းအားသတ်မှတ်စံချိန်စံညွန်းနှင့် အညီ ဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment