ကရင်ပြည်နယ်၊
မြ၀တီခရိုင်၊ မြ၀တီမြို့၊ အာဇာနည်ပန်းခြံရှိအာဇာနည်ခန်းမတွင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ
၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့နှင့် ဗိုလ်ချုပ်ကြေးရုပ်
ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ယနေ့ ဇန်န၀ါရီ ၂၇ ရက်၊ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌသီးသန်းရွှေကဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့နှင့်
ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာ
ယခုလာမည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက်
မွေးနေ့လည်း ဖြစ်သလိုကလေးများနေ့လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာသည့် မူကြိုကျောင်းမှ
ဆရာမကြီးများအနေဖြင့် မိမိတို့ ကျောင်းမှ ကလေးများအားလုံး ပါဝင်တက်ရောက်နိုင်ရေးနှင့်
အခြားလိုအပ်သည်များ ၀ိုင်းဝန်ဆွေးနွေးပေးစေလိုကြောင်း သိရသည်။
ထို့နောက်
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင် နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွဋ်တို့နှင့်
ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်
အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပါတီများ၊ အလှူရှင်များက အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး
ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း၏
၁၀၂ နှစ်မြောက် မွေးနေ့နှင့် ဗိုလ်ချုပ်ကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ယခု အာဇာနည် ပန်းခြံတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး
အဆိုပါ ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့်အတူကျန်ရှိသည့် အာဇာနည် ၈ ဦး၏
ရုပ်ထုငယ်များကိုအလှူခံရရှိသည့် အခြေအနေပေါ်တွင် မူတည်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
သတင်းရရှိသည်။
ကျွန်တော်တို့မြို့မှာအခုဗိုလ်ချုပ်ကြေးရုပ်ကြီးလည်း
ဖြစ်မြောက်ခဲ့ပြီပေါ့ နောင်ကျန်ရှိတဲ့ အာဇာနည် ၈ ဦးအတွက်လည်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ရင်
ဖြစ်လာမှာပါ ဟု အစည်းအဝေး တက်ရောက်လာသူတစ်ဦးက
ပြောကြားသည်။
No comments:
Post a Comment