ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင်
ကုလသမဂ္ဂ HIV/ AIDS ဆိုင်ရာအဖွဲ့၊ UNAIDS ၏
ပူးပေါင်း ကူညီမှုဖြင့် စောမွန် လူမှုဖွံ့ဖြိုးရေးအသင်းက
စီစဉ်ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ဝန်ထမ်းများအတွက် HIV ကာကွယ်ရေးလုပ်ငန်း အထောက်အကူပြုသင်တန်းဖွင့်ပွဲကို ဇန်န၀ါရီ
၁၂ရက်၊ နံနက် ၉ နာရီက ရွှေဘူးသီး ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ
ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းမှ မူးယစ်ဆေးဝါး ဆိုင်ရာ တားဆီးနှိမ်နင်းရေး
ကိစ္စများတွင် အဓိကလုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့်အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန တို့မှ ၀န်ထမ်းများအနေဖြင့် မူးယစ်ဆေးဝါးနှင့် HIV ကာကွယ်ရေးလုပ်ငန်းများ၏ သဘော သဘာဝများ၊ အဓိက လူအုပ်စုများ၏ သဘော သဘာဝများကို နားလည်သဘောပေါက်ပြီး၊ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ပိုမိုသိရှိ နားလည်ကာ HIV ကာကွယ်ရေး၊
ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများအား တတ်နိုင်သည့် အခန်းကဏ္ဍမှ ထောက်ပံ့ကူညီ နိုင်မှာဖြစ်ကြောင်း
ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဒေါက်တာ မြင့်အောင်က ကျေးဇူးတင်စကားပြောကြားပြီး၊
စောမွန် လူမှုဖွံ့ဖြိုးရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ရဲမှူးကြီး(အငြိမ်းစား) ဦးသန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်း
ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ
သင်တန်းအား ၂၀၁၄ ခုနှစ်က စတင်၍ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခဲ့ရာ (၂၃)ကြိမ်မြောက်ဖြစ်ပြီး၊ တာချီလိတ်မြို့တွင် ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ စုစုပေါင်း သင်တန်းသား (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တာချီလိတ်
(ပြန်/ဆက်)
No comments:
Post a Comment