Thursday, January 12, 2017

(၆၅) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ ကျင်းပ

လွိုင်ကော်  ဇန်န၀ါရီ  ၁၂
(၆၅) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြင့်ပွဲကို ဇန်န၀ါရီ ၁၂ ရက် မွန်းလွှဲ ၂ နာရီအချိန်တွင် လွိုင်ကော်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာနရုံး ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အသိအမှတ်ပြု ဒိုင်လူကြီးသင်တန်း (FIDE Arbiter’s Seminar) ကို တက်ရောက်အောင်မြင်ခဲ့သည့် ဦးစန်းတင့်အား သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ချီးမြင့်ခဲ့သည်။
ဆက်လက်၍ (၆၅) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က လည်းကောင်း၊ လူသစ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ က လည်းကောင်း ဆုများ ပေးအပ်ချီးမြင့်သည်။ ထို့နောက် မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများနှင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သူများအား ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးက ဆုများ ပေးအပ်ချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။


ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment