Tuesday, January 31, 2017

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ အီတလီနိုင်ငံသို့ ခရီးထွက်ခွာ



နေပြည်တော်၊ ဇန်နဝါရီလ ၃၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့သည် အီတလီနိုင်ငံ၊ ရောမမြို့၌ ကျင်းပပြုလုပ်မည့် Myanmar Country Presentation Program သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင် နှုတ်ဆက်ကြသည်။ 

အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ  တိုးတက်ကောင်းမွန်ရေး၊ အီတလီနိုင်ငံမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့  လာရောက်ရင်းနှီးမြှုပ်နှံရာတွင် အခွင့်အလမ်းကောင်းများ ရရှိနိုင်ရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်းဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေးများ တိုးတက်စေရန်နှင့်  မြန်မာ-အီတလီ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေနိုင်ရန် ရည်ရွယ်ချက်ဖြင့်  သွားရောက်ခြင်းဖြစ်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ အစိုးရအရာရှိကြီးများ၊ ပုဂ္ဂလိကကဏ္ဍမှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဌ ဦးဇော်မင်းဝင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment