Tuesday, January 31, 2017

ပုဂံရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအကြိမ် အလှူငွေ လှူဒါန်းပွဲ ကျင်းပမည်

နေပြည်တော်    ဇန်နဝါရီ ၃၁

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ဒေသရှိ စေတီပုထိုးများနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင် ထိန်းသိမ်းရန် ရန်ကုန်တိုင်းဒေသကြီး၌ တတိယအကြိမ် အလှူငွေလှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ (၅)ရက်၊ မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်နေရာ၌ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လှူဒါန်းမှုများကို လက်ခံသွားမည်ဖြစ်သည်။

သို့ဖြစ်၍ လှူဒါန်းလိုသူများ သိရှိနိုင်ပါရန်နှင့် ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ထားကြောင်း သိရှိရသည်။

No comments:

Post a Comment