Tuesday, January 31, 2017

ဂျပန်နိုင်ငံ ၀န်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ ရန်ကုန်မြို့သို့ ရောက်ရှိ



ရန်ကုန် - ဇန်န၀ါရီ ၃၁

Greater Mekong Initiative ၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီး Mrs. Akie Abe နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင်
မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိ လာကြရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး  ဦးဟံထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကြိုဆို နှုတ်ဆက်ကြသည်။

ဧည့်သည်တော် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ဇနီး   နှင့်အဖွဲ့ သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာ ဗိမာန်ကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သုခကာမီ သီလရှင်သင်ပညာရေးကျောင်း၊ ဇလွန်သီလရှင်သင် ပညာရေးကျောင်း၊ ပညာသိင်္ဂီ သီလရှင်သင်ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင် ပညာရေးကျောင်းနှင့် ပုည၀ိသုဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ သွား ရောက် ကြည့်ရှု လေ့လာကြသည်။

ယင်းသို့သွားရောက် ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ဇနီး နှင့်အဖွဲ့၊ အလှူရှင်များသည် ပညာရေး စာသင်ကျောင်း တစ်ကျောင်းလျှင်  ငွေကျပ် သိန်း ၅၀ နှင့်  ကျောင်းသုံးပစ္စည်းများလှူဒါန်းခဲ့ကြသည်။

No comments:

Post a Comment