မြစ်ကြီးနား ဇန်န၀ါရီ (၁၅)
မိုးကောင်းမြို့ မြို့အင်္ဂါရပ်နှင့်အညီ
ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်
ဌာနဆိုင်ရာများနှင့်အတူ ဇန်န၀ါရီ (၁၄) ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်၌
ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း(၈၉၈၀)ဖြင့် မြို့ အင်္ဂါရပ်နှင့်ညီညွှတ်သည့် မြို့တော်ခန်းမသစ်တည်ဆောက်ရေးအတွက်
ဆောက်လုပ်မည့် အခြေအနေများ နှင့်ပတ်သက်၍ တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က
ပြည်သူများ၏ဆန္ဒနှင့် ကိုက်ညီပြီး ရေရှည်ခိုင်ခန့်တည်မြဲရေး၊ အရည်အသွေး စံချိန်/စံညွှန်း
ပြည့်မီအောင် ဆောက်လုပ်ရေးမှာ ကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက
မြို့နယ်အတွက် ဆေးဝါးပစ္စည်းများ၊ ကျောင်းဝတ်စုံများနှင့် အနွေးထည်များကို တာဝန်ရှိသူတို့ထံ
ပေးအပ်လှူဒါန်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အဆောက်အဦသစ်အတွက်
ပန္နက်ရိုက်တင်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
အလယ်ရပ် ရပ်ကွက် ဘုရင့်နောင်လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းကျင်းနေမှု၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း
အလှူရှင် ဦးမောင်ကြီး နှင့်ဒေါ်တင်တင်အုန်း မိသားစုမှ ငွေကျပ်သိန်း (၄၂၀၀)ကျော် အကုန်အကျခံ
ဆောက်လုပ်လှူဒါန်းသည့် (၂) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့် စည်ပင်သာယာဈေး၌
ဈေးသူ၊ ဈေးသားများ၏ ကိုယ်ထူ ကိုယ်ထ ရန်ပုံငွေကျပ်(၄၈၇)သိန်းကျော်ဖြင့် ဆောက်လုပ်ထားသည့်
ဈေးအမိုးခုံးဆောက်လုပ်ထားမှုနှင့် မြို့မဈေး၏ သန့်ရှင်းမှုအခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
စိမ်းမြသီတာပန်းခြံအတွင်း စည်ပင် သာယာရေးအဖွဲ့၏
ကလေးကစားကွင်း၊ ကိုယ်ကာယလေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ခြင်း၊ ကွန်ကရစ်မီး တိုင်စိုက်ထူခြင်း၊
မြေယာရှုခင်းနှင့် ရေပန်းအ၀ိုင်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး ဈေးကုန်း
ရပ်ကွက် ညောင်ပင်ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားနေသည့်
ကျောင်းသား/သူများအား စာရေး ကိရိယာများ ထောက်ပံ့လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ်(၁၇၂ ဒဿမ ၂)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုးကောင်း-
လွဲလော ကွန်ကရစ်လမ်းခင်းနေမှု၊ ကညှင်မြိုင် - က၀ါးယံကျေးရွာများအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်
ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်(11KV) ဓါတ်အားလိုင်း၊ (11/04) ထရန်စဖော်မာနှင့် (400) ဗို့ဓါတ်အားလိုင်းသွယ်တန်း
နေမှုတို့ကိုကြည့်ရှု့စစ်ဆေးကြပြီး နမ္မတီးမြို့အ၀င်ကျောက်တောင်၌ ကျောက်ထုတ်လုပ်မှုကြောင့်
ပျက်ဆီးနေသောမြေသားများ ပြန်လည်ပြုပြင်၍ မြေယာရှုခင်းဖြစ်စေရေး စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်
တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment