Sunday, January 15, 2017

မိတ္ထီလာမြို့နယ်၌မြန်မာ့သိုင်းပညာမျိုးဆက်သစ်ပြန့်ပွားရန် သိုင်းပညာများအခမဲ့သင်ကြားပေးလျှက်ရှိ

မိတ္ထီလာ  ဇန်နဝါရီလ ၁၅
မြန်မာ့သိုင်းပညာမျိုးဆက်သစ်ပြန့်ပွားရန်ရည်ရွယ်၍ မိတ္ထီလာမြို့နယ် ပြည်သာယာတောင်ရပ်ကွက် အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု(ပထမ)အဆင့် မိဘမဲ့တိုင်းရင်းသားလူငယ်များအား ပညာသင်ကြားပေးလျှက်ရှိသည့် မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးဂေဟာ၌ အခမဲ့သိုင်းပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သိုင်းသင်တန်းကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အဖွဲ့ဝင်၊ မန္တလေးတိုင်းဒေသကြီး မြန်မာ့သိုင်းဆပ်ကော်မတီ ၊မြန်မာသိုင်း မျိုးဆက်သစ်ပြန့်ပွားရေးအဖွဲ့ဝင် ဦးအောင်မျိုးကမြန်မာ့သိုင်းပညာမျိုးဆက်သစ်ပြန့်ပွားရန်အတွက် မိတ္ထီလာမြို့နယ် ပြည်သာယာတောင် ရပ်ကွက်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု(ပထမ)အဆင့် မိဘမဲ့တိုင်းရင်းသား လူငယ်များအားပညာသင်ကြားပေးလျက်ရှိသည့် မေတ္တာရိပ်မြုံလူငယ်ဖွံ့ဖြိုးရေးဂေဟာ၌ ကချင်၊ ကရင်၊ ဝ၊ လာခူ၊ အခါ၊ နာဂ နှင့် ကချင်ဂျူး စသည့် မိဘမဲ့တိုင်းရင်းသားလူငယ် (၆၈)ဦးတို့အား သိုင်းပညာအခြေခံဖြစ်သည့်ခေါင်း၊ လက်သီး၊ လက်ဝါးဇောင်း၊ လက်ဖနောင့်၊ မောင်း၊ တတောင်၊ ဒူး၊ ခြေ၊ အထိုင်၊ လက်အစုံပါဝင်သည့်(၆၃)မောင်းအားကျင့်စဉ်၊ အချုပ် ချည်နည်း၊ လက်တီးထိုးခုခံကာကွယ်ပညာ၊ လက်နက်မျိုးစုံခုခံကာကွယ်ပညာများကို ၂၀၁၆ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ခုနှစ် မတ်လကုန်အထိ အခမဲ့ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် သင်ကြားပေးလျက်ရှိကြောင်း ၎င်းသိုင်းသင်တန်းကို သင်ကြားပေးလျက်ရှိသည့် သိုင်းနည်းပြ ဦးအောင်မျိုးက ပြောကြားခဲ့သည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment