Sunday, January 15, 2017

ပုံဆွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ ဝက်လက်၌ ကျင်းပ

ဝက်လက် ဇန်နဝါရီ ၁၅
ကျောင်းသား၊ ကျောင်းသူလေးများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဥာဏ်ရည်သွေးထက်မြက်စေရေး၊  အနာဂတ်အတွက် အားထားရသည့် နိုင်ငံသားကောင်းလေးများ ဖြစ်လာစေရေးတို့အတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းအဆင့် ပုံဆွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်(၁၀)နာရီက အဆိုပါ ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုံဆွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ဝက်လက် အမှတ် ၁၊ ၂၊ ၃ ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ (၄၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသော ကျောင်းသားကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဦးစိုးမောင်၊ မြို့နယ် ပြန်/ ဆက်ဦးစီးမှူး ဒေါ်နန်းမြင့်၊ မြို့နယ်စာရေးဆရာများအသင်း အဖွဲ့ဝင် ဦးထွန်းဇော် နှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လာမည့် စနေ့ အပတ်စဉ်တိုင်းတွင် ပုံပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲများကို ကျင်းပပေးသွားမည်ဖြစ်သဖြင့် မြို့နယ်အတွင်းရှိ မူလတန်းl အလယ်တန်းအဆင့် ကျောင်းသား/ သူများ လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းလည်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
       

       

No comments:

Post a Comment