ကျောက်တော်
ဇန်နဝါရီ ၆
ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ရှိ
ရခိုင်မဟာမုနိဘုရားမှ ရွှေများ ခွာယူရန်နေ့ကို သတ်မှတ်နိုင်ရန် အစည်းအဝေးကို ဇန်နဝါရီလ
၅ ရက်နေ့ နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်
မြို့နယ်မှ သြဝါဒဆရာတော်ကြီးများနှင့် သံဃာတော်များ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့မိမြို့ဖများနှင့်
ကျေးရွာများမှ ပြည်သူများ တက်ရောက်ပြီး ရုပ်ပွားတော်မှ ရွှေများ ခွာယူရာတွင် ရှေးမူမပျက်အောင်
နည်းပညာရှင်များနှင့် စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြို့မရွှေကျောင်းဆရာတော်ကြီးက
မိန့်ကြားကာ ရွှေများ ပြန်လည်ခွာယူမည့်နေ့မှာ ပြာသိုလပြည့်နေ့ မင်္ဂလာအချိန်ဖြစ်ကြောင်း
သတင်းရှိသည်။
မြို့နယ် (ပြန်/ဆက်)
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment