ပွင့်ဖြူ ဇန်န၀ါရီ ၆
ပွင့်ဖြူမြို့၊မြို့ပတ်လမ်းထိပ်ရှိ
ရေဆိုးထုတ်မြောင်း ရေခလုပ်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုးချဲ့ ပြုပြင် ဆောင်ရွက်လျက်ရှိသည်။
ယခင်ရေဆိုးထုတ်မြောင်း
ရေခလုပ်သည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ရေမြောင်းများ ပိတ်ဆို့ကာ မြို့တွင်းရှိ
ရေဆိုးများ ရေထွက်ပေါက်မရှိဘဲ၊ အနံ့ဆိုးများထွက်ကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရေးနှင့်
ကျန်းမာရေး ထိခိုက်လာနိုင်သဖြင့် တိုးချဲ့ပြုပြင်ဆောင်ရွက်ခြင်းဖြစ်ကြေင်း သိရှိရသည်။
အဆိုပါ
ရေဆိုးထုတ်မြောင်း ရေခလုပ်အား ဖြည့်စွက် ခွင့်ပြုရန်ပုံငွေ ကျပ် (၃၄)သိန်း (၄)သောင်းကျပ်ဖြင့်
မြေသား မြောင်းအရှည်(၂၀၀၀)ပေ တူးဖော်ခြင်း၊ ရေထွက်ပေါက် ရေခလုပ်အား အနက်(၇)ပေ၊ အကျယ်
(၆.၅)ပေ၊ အလျား (၅၄)ပေရှိ ကွန်ကရစ်ခင်း/အုပ်စီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပွင့်ဖြူ (ပြန်/ဆက်)

No comments:
Post a Comment