Friday, January 27, 2017

သတ္တဌာနလမ်း၊ သမ္ဗာန်ချောင်းကူး တံတားတည်ဆောက်

စစ်တွေ       ဇန်န၀ါရီ ၂၇
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၁၆ -၂၀၁၇ ခု ဘဏ္ဍရေးနှစ် စစ်တွေမြို့ ၊ သတ္တဌာနလမ်း၊ သမ္ဗာန်ချောင်းကူး သံကူကွန်ကရစ် တံတားကို ခွင့်ပြုငွေ (၇၅.၀)ကျပ်သန်းဖြင့် ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်ခင်စိုးက တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သံကူကွန်ကရစ် တံတားသည် (၃၀’×၂၄’×၁၆’ ) ရှိပြီး ယခု တံတား ဆောက်လုပ် ပြီးစီးပါက ဒေသခံများ ကျန်းမာရေး၊ပညာရေး၊ အဆင်ပြေမည်ပြီး ဒေသတွက် ကုန်စည်များ သယ်ယူသွားလာရာတွင် အဆင်ပြေမည်ဖြစ်ကြောင်းဒေသခံ တစ်ဦးက ပြောကြားသည်။

ပြည်နယ် (ပြန်/ဆက်)

No comments:

Post a Comment