ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်
ကျောင်းသား၊ ကျောင်းသူလူငယ်များ၊ စာပေနှင့်ရင်းနှီး ကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အထရရှိစေရန်၊
စာကြည့်တိုက်ကို အသုံးပြုပြီး စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တီထွင်ဖန်တီးခြင်းနှင့်
သွက်လက်ဖြတ်လတ်ဖြတ်ထိုးဥာဏ်တိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်စုံပြိုင်ပွဲ၊
ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကို လစဉ်ကျင်းပလျက်ရှိရာ ဇန်နဝါရီလ (၂၇)ရက်နေ့၊
နံနက်(၁ဝ)နာရီအချိန်က ၊ လွိုင်ကော်ခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင် နှစ် (၇ဝ)ပြည့်
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါပန်းချီပြိုင်ပွဲတွင်
ထိန်းသိမ်းစို့လေ ပြည်ထောင်စုအမွေ ခေါင်းစဉ်ဖြင့် လွိုင်ကော်မြို့ရှိ အခြေခံပညာ ကျောင်း(၆)ကျောင်းမှ
ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ယင်းနောက်
ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ ပထမဆုရ အထက(၅)မှ စတုတ္ထတန်းကျောင်းသူ မနန်းဗိုခမ်းယံအား
ပြည်နယ်ဦးစီးမှူး ဒေါ်စိုးစိုးထွန်းကလည်းကောင်း၊ ဒုတိယဆုရ အထက(၁)မှ စတုတ္ထတန်းကျောင်းသူ
မသူထက်ထက်စံအား ပန်းချီဆရာ ကာတွန်းမျိုးကြီးကလည်းကောင်း၊ တတိယဆုရ အထက(၅)မှ စတုတ္ထတန်းကျောင်းသူ
မနန်းအိချိုဇင်အား ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်ကလည်းကောင်း၊ အထူးဆုရရှိသူများအား
ပြည်နယ်ရုံး ဒုတိယဦးစီးမှူး ဒေါ်နုနုယဉ်မိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်သီတာတို့ကလည်းကောင်း
ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်


No comments:
Post a Comment