လူငယ်လူရွယ်များ ၊စာပေအပေါ်အမြတ်တနိုးတန်ဖိုးထားတက်စေရန်
၊ စာပေဖတ်ရှုရာမှတဆင့် အသိပညာတိုးပွားလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော စွမ်းရည်များမြင့်မားလာဝေရန် နှင့် စာကြည့်တိုက်များကို
အသုံးချတတ် စေရန်ရည်ရွယ်ပြီး ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာနမှကြီးမှူး ကြီးပသော ပျော်ရွင်စရာကလေးတို့ကမ္ဘာ အစီအစဉ်တွင် ကဗျာရွက်ဆိုပြိုင်ပွဲကို
ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အ.မ.ကကျောင်းပေါင်း (၅)ကျောင်း
မှ ကျောင်းသား/သူ ကလေးသူငယ် (၆၀)ကျော်
ပါဝင်ယှဉ်ပြိုင်ကြပြီး ၊ ဆုရရှိသောအဖွဲ့များကို မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment