Thursday, January 12, 2017

ဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဇလွန်     ဇန်န၀ါရီလ         ၁၂
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် မြို့မဈေးသစ်အတွင်း  မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ နှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်း၍ ဈေးမီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဇန်န၀ါရီလ (၁၂)နေ့ နေ့လည်ပိုင်းက မြို့မဈေးသစ်တွင် သရုပ်ပြခဲ့ကြသည်။



ဈေးမီးဘေး ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေနှင့် ကော်မတီဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့မဈေးသစ်အတွင်း ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် မီးငြှိမ်းသတ်ယာဉ်ဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း ၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ပုံများကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြသည်။
ယင်းနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့များမှ ဈေးသူဈေးသားများအား DCP မီးသတ်ဆေးဘူးဖြင့် ကိုယ်တိုင်လက်တွေ့ မီးငြှိမ်းသတ်ပုံများကို လက်တွ့သရုပ်ပြခဲ့ကြသည်။


မြို့နယ်  ၊ ပြန် / ဆက်

No comments:

Post a Comment