Thursday, January 12, 2017

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်လုံးကျွတ်အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှု ဖွင့်ပွဲကျင်းပ

တောင်ကြီး   ဇန်နဝါရီ  ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ခရိုင်လုံးကျွတ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲကို ဇန်နဝါရီ (၁၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်း ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။



အခမ်းအနားကို အထက(၄) ကျောင်းသားကျောင်းသူများက လူတိုင်းအတွက် ပညာရေး သီချင်းဖြင့် သီဆိုကာ ဖွင့်လှစ်ပြီး၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ဗဟိုကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား၍၊ ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်တွင်၌ စာတတ်မြောက်ရေးကို အထောက်အကူဖြစ်စေသည့် ကျောင်းပြင်ပမူလတန်းသင်ပညာရေးကို ယခင်တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်များအပြင် ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်များတွင် ဆက်လက်အကောင်ထည်ဖောင် ဆောင်ရွက်လျှက် ရှိကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် အရှိန်အဟုတ်ဖြင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ၂၀၁၆ခုနှစ် နွေရာသီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ဟိုပန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် နမ့်စန်းမြို့နယ်တို့တွင် အခြေခံစာတတ် မြောက်ရေးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ ဇန်နဝါရီ ၂ ရက်နေ့ ကျင်းပပြုလုပ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် လုံးကျွတ် စာတတ်မြောက်ရေးလုပ်ရှားမှုတွင် မြို့နယ်(၉)မြို့နယ်၊ စာသင်ဝိုင်းပေါင်း(၂၅၉၆)ဝိုင်းကို ဒေသခံလုပ်အားပေးနှင့် ဒေသခံဆရာ၊ ဆရာမပေါင်း (၂၆၈၀)ဦးတို့က စေတနာမေတ္တာဖြင့် လုပ်အားပေးသင်ကြားကြမည်ဖြစ်ကြောင်း၊ ပြောကြားသွားခဲ့သည်။
            ဆက်လက်၍ အခြေခံစာတတ်မြောက်ရေးကြီးကြပ်ဗဟိုကော်မတီဥက္ကဌ ကျောင်းပြင်ပနှင့် တစ်သက်သာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ စာဖတ်ဝိုင်းများတွင် လုပ်အားဒါနပြုကြမည့် ဒေသခံဆရာ၊ ဆရာမများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက တာဝန်ပေးအပ်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူတို့က ခန်းမအတွင်း ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment