Thursday, January 12, 2017

၅၁ မိုင်-မုံပင်ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း အရည်အသွေးပြည့်မီရေးကွင်းဆင်း စစ်ဆေး


ပုလဲ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်းရှိ ၅၁မိုင် - မုံပင်ကျေးရွာချင်းဆက် ကျောက်ချောလမ်းအရှည် ၃မိုင် အကျယ် ၁၂ပေ ၉လက်ထု ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၄၂သန်းဖြင့် ရဲရင့်အားမာန်ကုမ္ပဏီက တာဝန်ယူ၍ ဖောက်လုပ်လျက်ရှိရာ
လုပ်ငန်းဆောင် ရွက်မှု အရည်အသွေး ပြည့်မီစေရေးအတွက်ဇန်နဝါရီ ၁၂ရက် နေ့လယ်၁၂နာရီ ၃ဝမိနစ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးအောင်ထွန်းမြင့်နှင့် မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးအောင်တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရဲရင့်အားမာန်ကုမ္ပဏီတာဝန်ခံ ဒေါ်ယုယုလွင်က ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကျောက်ချောလမ်းအား စေတနာထား၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း ပြီးစီးရေးကို ဆောင်ရွက်ပေးစေလိုကြောင်း အကြံပြု ပြောကြားခဲ့သည်။
ထိုနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်နှင့် ဌာနဆိုင်ရာများသည် ၅၁မိုင်-မုံပင်ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

မြိုနယ် (ပြန်/ဆက်)

No comments:

Post a Comment