Tuesday, January 3, 2017

မြို့နယ်အဆင့်ဌာနဆိုင်ရာများ လွတ်လပ်ရေးနေ့အတွက် ပြင်ဆင်ပြီးစီးမှုများတွေ့ဆုံဆွေးနွေး


ညောင်တုန်း     ဇန်နဝါရီ    
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ကျင်းပပြုလုပ်ခဲ့ရာ အလံတင်နှင့်အလေးပြုအခမ်းအနား ကျင်းပရေး၊ အခမ်း အနားပြင်ဆင်ရေး၊
လုံခြုံရေး၊ ပြန်ကြားရေးနှင့်ကြိုတင်နေရာချထားရေး၊ ပို့ဆောင်ရေး၊ လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆုချီးမြှင့်ရေး အစီအစဉ်နှင့် ကြုံတွေ့ရသောအခက်အခဲများကို ဌာနဆိုင်ရာများ တင်ပြဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ပြန်လည်ရှင်းလင်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment