Tuesday, January 3, 2017

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဇလွန် ဇန်န၀ါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း (၁၀၀၀) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၂)ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းတို့မှ ယခုပေးအပ်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေ များသည် ပြည်သူများ၏ လိုအပ်သောနေရာများတွင် အသုံးပြု နိုင်ရေးအတွက် ပေးအပ်ခြင်းဖြစ်ပြီး ၎င်းငွေများမှ နိုင်ငံတော်အတွက် အခွန်ပေးဆောင်နိုင်ရန် လိုအပ်ပါကြောင်းနှင့် ပြည်သူများရေကောင်းရေသန့်သုံးစွဲနိုင်ရေး ၊ အများပြည်သူများအတွက် လမ်း ၊ တံတားများ တည်ဆောက်နိုင်ရေး၊ ပြည်သူများအတွက် အထူးလိုအပ်သော ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးနေရာများတွင် အဓိကသုံးစွဲရန်ဖြစ်ပြီး မိမိကိုယ်ကျိုးမပါ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးနိုင်ရန်နှင့် လုပ်ငန်းများကို ဇန်န၀ါရီလမှစပြီး ဖေဖော်ဝါရီလ(၂၅)ရက် အတွင်း လုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့် စာရင်းဇယားများကို တိကျမှန်ကန်စွာ ဆောင်ရွက်ထားနိုင်ရေးတို့ကို အသီးသီးပြောကြားခဲ့ပါသည်။
ယင်းအခမ်းအနားတွင် ကျေးရွာအုပ်စု (၃၃)အုပ်စုအတွက် ငွေသားကျပ် (၄၆၃၅၀၀၀၀ိ/-)နှင့် ဘိလပ်မြေ (၈၇၈၅)အိတ် ၊  စုစုပေါင်း တန်ဖိုး (၉၈၆၂၀၇၅၀ိ/-) ကို ကျေးရွာရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များအား နေ့ချင်းပြီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(ငွေသန်း) ပြန် / ဆက်

No comments:

Post a Comment