စစ်တွေ
ဇန်န၀ါရီ ၃
ရခိုင်ပြည်နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ
ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ (မောင်တော)၌ (၆၉) နှစ်မြောက် လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုသို့အားဖြင့်
အားကစားပြိုင်ပွဲများကို စည်ကာသိုက်မြိုင်စွာ ကျင်းပရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းမောင်နှင့်
ဆရာ/မများ ဦးဆောင်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် (၉) နာရီက ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်းပွဲ၊
ဘောလီဘောပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပွဲများကို အဆိုပါ ကျောင်းအားကစားကွင်း၌ကျင်းပရာ
ကျောင်းသား၊ကျောင်သူများ ပျော်ရွှင်စွာ ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရာ
ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မ များက ပြိုင်ပွဲဝင် ဆုရ ကျောင်းသား၊ ကျောင်းသူများကို
ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)



No comments:
Post a Comment