Friday, January 27, 2017

လူမှုအခြေပြုစာကြည့်တိုက် ၀န်ဆောင်မှု စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆို ပန်းချီ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


ချောင်းဆုံ            ဇန်န၀ါရီ              ၂၇
ကျောင်းသား၊ကျောင်းသူများအား စာပေနှင့်ပတ်သက်သည့် ဗဟုသုတများရရှိစေရန် ဥာဏ်ရည်ဖွံဖြိုးတိုး တက်စေရန်နှင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်အတွက် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းပြီး ဇန်န၀ါရီ ၂၇ ရက်နေ့ နံနက်(၉)နာရီက စာဖတ်ရှိန် မြှင့်တင်ရေး ကဗျာရွတ်ဆို၊ ပန်းချီပြိုင်ပွဲများကို (ပြန်/ဆက်)ရုံးရှိ စာကြည့်တိုက်ခန်းမနှင့် ကလေးစာဖတ်ခန်း တို့တွင် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးကြည်ဝေက အဖွင့်အမှာစကားပြောကြားပြီး ပြန်/ဆက် ဦးစီးမှူး ဒေါ်မိသူဇာက အဆိုပါပြိုင်ပွဲများကျင်းပခြင်းဖြင့် ကျောင်းသားလူငယ်များ၏ ရည်မှန်း ချက်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည့် အပြင် စာကြည့်တိုက်ကို ပြည်သူအများအသုံးပြုလာနိုင်ရန်ရည်ရွယ်ကြောင်း ပြောကြားသည်။
ထို့နောက်မြို့နယ်ရှိ (ထက်၊လယ်၊မူ) ကျောင်းများမှ ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး နှင့် ပန်းချီပြိုင်ပွဲ တွင် ကျောင်းသား၊ ကျောင်သူ(၉)ဦးတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမဆု (အထက) ချောင်းဆုံမှ မယွန်းမီမီမောင်၊ ဒုတိယဆု မူလွန် (နတ်မှော်ရွာဟောင်း) မောင်ဖြိုးငယ်၊ တတိယဆု (အမက) တိုးချဲ့ မကြယ်စင်သန့်နှင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု (အမက-၁) ရွာလွတ် မှ မိဝတ်ရည်ဝိုင်း၊ ဒုတိယဆု (အမက)ကွမ်တကဲ မင်းဥာဏ်လင်းထက်၊ တတိယဆု (အမက)ပလိုင်းဝမ်း မောင်ကျော်မျိုးထွဋ်တို့ကဆုများ အသီးသီးရရှိခဲ့ကြောင်းသတင်းရရှိသည်။
ထူးအိမ်(ပြန်/ဆက်)

No comments:

Post a Comment