Thursday, January 12, 2017

ယင်းမာပင်​မြို့နယ်​၌ တရားမဝင်​ပိ​တောက်​ခွဲသား ၂၃ ​ချောင်း ၂.၅၅၆ တန်​ ဖမ်းဆီးရမိ


ယင်းမာပင်​ ဇန်​နဝါရီ ၁၂
စစ်​ကိုင်းတိုင်း​ဒေသကြီး မုံရွာခရိုင်​သစ်​​တောဦးစီးဌာန လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ဦးဝင်းသန်း၏ လမ်းညွှန်​မှု ဖြင့်​ မုံရွာခရိုင်​နှင့်​ယင်းမာပင်​ခရိုင်​တို့မှ တာဝန်​ရှိသစ်​​တောဝန်​ထမ်းများနှင့်​ကပိုင်​ဘိနယ်​တာဝန်​ခံ ​တောအုပ်​နှင့်​ ဝန်​ထမ်းများ၊ သစ်​​တောရဲတပ်​ဖွဲ့ဝင်​များ စုစု​ပေါင်းအင်​အား ၁၂ ဦးပါဝင်​​သော ပူး​ပေါင်း ခရိုင်​ စစ်​​ကြောင်း အဖွဲ့သည်​ ယင်းမာပင်​ခရိုင်​ ယင်းမာပင်​မြို့နယ်​အတွင်း
တရားမဝင်​သစ်​များကို အရှိန်​အဟုန်​မြှင့်​ ရှာ​ဖွေဖမ်းဆီး လျက်​ရှိရာ ဇန်​နဝါရီ ၁၁ ရက်​​နေ့ ​နေ့လယ်​ ၃ နာရီက အ​လောင်း​တော်​ကဿပ နယ်​​မြေအနီးရှိ ​မြေနီ​တောင်​​ကျေးရွာ ​တောစပ်​​နေရာတွင်​ တရားမဝင် ​ပိ​တောက်​ခွဲသား ၂၃ ​ချောင်း ၂.၅၅၆ တန်​ ပိုင်​ရှင်​မဲ့ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။
အဆိုပါ တရားမဝင်​ဖမ်းဆီးရမိ​သော ပိတာက်​ခွဲသား ၂၃ ​ချောင်း ၂.၅၅၆ တန်​အား ​မြေနီ​တောင်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးမြင်​လှိုင်​ အိမ်​တွင်​ ယာယီသယ်​ယူထိန်းသိမ်းထားရှိပြီး တာဝန်​ရှိသူများက ယင်းမာပင်​မြို့နယ်​သစ်​​တောဦးစီးဌာနတွင်​ ဆက်​လက်​လုံခြုံစွာ သယ်​ယူထိန်းသိမ်း​နိုင်​​ရေး စီစဉ်​ဆောင်​ရွက်​လျက်​ ရှိ​ကြောင်း သိရသည်​။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment