Thursday, January 12, 2017

ပုသိမ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ် ဇန်နဝါရီ  ၁၂


ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အကျင့်ရရှိစေရေး ၊ စာဖတ်သူတိုးပွားလာရေး ၊ စာပေမှရရှိသော ဗဟုသုတများကို အသုံးချတတ်ရေး ၊ စာကြည့်တိုက်များကို အသုံးပြုတတ်စေရေး စသည့် ရည်ရွယ်များဖြင့် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း နှင့် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းစီစဉ် ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပို်င်းက အ.ထ.က ( ၁ ) ရတနာတန်ဆောင် ခန်းမ၌ ကျင်းပခဲ့သည်။       



ရှေ့ဦးစွာ တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ဝင် ဦးငွေစိုး က အသင်းကြီးဖြစ်ပေါ်လာပုံ အသင်းကြီးမှ လုပ်ဆောင်နေမှုများ ၊ ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက ဆရာကြီး ဦးစိုးမြင့်က ကျောင်းသား လူငယ်များ စာဖတ်သည့် အလေ့အထများ ရှင်သန်ရေး ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တိုင်း ပြန်/ဆက် ဦးစီးမှူး ၊ တိုင်း ပညာရေး ဌာန နှင့် တိုင်း စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ မှ စာဖတ်ရှိန်မြှင့်တင်ရေး အထက်တန်း ၊ အလယ်တန်း အဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ပထမ ၊ ဒုတိယ ၊ တတိယ နှင့် အထူးဆု ရရှိသူများကို ဆုများချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနား အပြီးတွင် ပြန်/ဆက်ဦးစီးဌာနက ပြသထားသော နိုင်ငံတော် သမ္မတကြီး နှင့် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုး ပြည်ပြု မှတ်တမ်း ဓါတ်ပုံများ ၊ စာအုပ်စာစောင်များကို ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်း ပြန်/ဆက် ဦးစီးမှူး ဦးငွေထွန်း နှင့် တိုင်း ပညာရေးဌာန မှ တာဝန်ရှိသူများ ၊  တိုင်း စာကြည့်တိုက်များ ဖောင်ဒေးရှင်း မှ နာယက  ၊ ဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ ၊ ဆရာ ၊ ဆရာမ နှင့် ကျောင်းသား ၊ သူများ ၊ ဆုရ ကျောင်းသား ၊ သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခရိုင် ( ပြန် / ဆက် ) 

No comments:

Post a Comment