Thursday, January 26, 2017

ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုမြင့်မားရေးဆင့်ပွားသင်တန်းဖွင့်လှစ်


ဘားအံ ဇန်န၀ါရီ ၂၆
ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်းမှုရှိစေရေးနှင့် စနစ်တကျဆောင်ရွက်တက်စေရန် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လုပ်ငန်းကျွမ်းကျင်မှုမြင့်မားရေးဆင့်ပွားသင်တန်း  (၁/၂၀၁၇)ဖွင့်ပွဲကို ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်က ဘားအံခရိုင်ရုံးအပေါ်ထပ် သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းကအဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ဦးစီးဌာနမှူးဒေါ်တင်တင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှုင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဘားအံခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား/သူ ၁၆ ဦးတက်ရောက်ကြပြီး နိုင်ငံသမိုင်းအဆင့်ဆင့် ပြောင်းလဲတိုးတက်မှုများဘာသာရပ်၊ ပြည်သူ့စာကြည့်တိုက်များစီမံခန့်ခွဲရေး၊ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်၊ ရုံးစာရေးသားနည်းနှင့် စီမံခန့်ခွဲရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ၊ သတင်းမီဒီယာနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ/နည်းဥပဒေဘာသာရပ်တို့ကို ဆင့်ပွား ပို့ချပေးသွားမည်ဖြစ်သည်။   
ထိုသို့ ဆင့်ပွားသင်တန်းများဖွင့်လှစ်ခြင်းအားဖြင့် ၀န်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်တိုးတက်ပြီး ဌာနလုပ်ငန်းများကို သွက်လက်ထက်မြက်စွာဖြင့် စနစ်တကျ  ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ဇန်န၀ါရီလ ၂၆ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ထိ ဖြစ်ပြီး ဖေဖေါ်ဝါရီလ တတိယအပတ် တွင် ဆင့်ပွားသင်တန်း (၂/၂၀၁၇)ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)

No comments:

Post a Comment