စစ်ကိုင်းတိုင်းဒေသကြီး
ကသာခရိုင် ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စု မံကုန်းကျေးရွာတွင် စားသုံသူအကာအကွယ်ပေးရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဟောပြောပွဲကို ဇန်နဝါရီ ၂၅ နံနက် ၁၁ နာရကမံကုန်းကျေးရွာ
အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်
မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းဇော်ဦးက ဒေသခံပြည်သူများ
အနေဖြင့် ဓာတုဆေးဝါးအသုံးပြုထားသည့် အစားအသောက်များ၏ အန္တရာယ်များမှကင်းဝေးစေရန်
စံချိန်စံညွန်း အရည်အသွေးပြည့်မီသည့် အစားအသောက်များကို ရွေးချယ် စားသောက်နိုင်စေရန်နှင့် အရည်အသွေးပြည့်မီထုတ်လုပ်ထားသော ကုန်ပစ္စည်းများ၏အချက်အလက်များကို ကိုယ်တိုင် သတိပြုဝယ်ယူ စားသောက်စေရန်၊ စားသုံးသူများအတွက် ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်နှင့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေများနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းများကို ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ် ကျော်စွာလွင်က ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်သည့်အလျောက် မိမိတို့ကျေးရွာအတွင်း မီးသတ်ရေကန်၊ မီးချိတ်မီးကပ်များ၊ သဲပုံးများတေားစပ်နှင့်နှီးသည့်အိမ်များ မီးတားများပြုလုပ်ထားကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူဟန်က ကျောင်းသားကျောင်းသူ လူငယ် မောင်မယ်များနှင့်ဒေသခံပြသူများ အသိပညာတိုးတက်မြင့်မားရေးနှင့်
စားဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ ပညာသည်လူ၏တန်းဘိုးဆိုသည့် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင်လည်း ပင်ပုံကျေးရွာအုပ်စု မံပင်ကျေးရွာ၌ ဆက်လက်ပြုလုပ်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment