ကျောင်းသားလူငယ်များအား ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရေးနှင့်
ကျောင်းသင်ပညာရပ်နှင့်ကျောင်းပြင်ပဆိုင်ရာ ဗဟုသုတများ ပေါင်းစပ်ရရှိနိုင်စေရန်အတွက်
သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူးပေါင်းပြီး
မူလတန်းအဆင့်ကျောင်းသားကျောင်းသူများ ဥာဏစွမ်းရည်ပြပွဲတစ်ရပ်ဖြစ်သည့် စိတ်ကြိုက်ပန်းချီစွမ်းရည်ပြိုင်ပွဲကို
ဇန်နဝါရီ ၂၅ရက်က မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ကျင်းပရာ
မူလတန်းကျောင်း (၂)ကျောင်းမှကျောင်းသား/သူ(၁၅)ဦးပါဝင်ယှဉ်ပြိုင်ကြသည်။
ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျှဉ်း၍ မြို့နယ်ဦးစီးမှူး
ဒေါ်အေးအေးသီက စာဖတ်ရှိန်မြင့်မားရေးနှင့် ဥာဏ်ရည်ထက်မြက်ရေးအတွက် ပန်းချီပြိုင်ပွဲသို့
ရောက်ရှိအားပေးကြသည့် ကျောင်းသား/သူများကမိမိတို့၏ အားလပ်ရက်များတွင် မြို့နယ်ရုံးစာကြည့်တိုက်သို့လာရောက်ပြီး
စာအုပ်စာစောင်ဖတ်ရှုလေ့လာခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့် အခြားစိတ်ဝင်စားသည့် ဥာဏ်ရည်တိုးတက်ရေးဆိုင်ရာ
ကဏ္ဍများကို ဆောင်ရွက်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားပြီး ပန်းချီပညာရှင်ဦးကျင်ဟုတ်က
ပန်းချီရေးဆွဲရာတွင် အခြေခံရမည့်နည်းစနစ်ပိုင်းဆိုင်ရာကို ပြောကြားခဲ့သည်။
ထိုနောက်ပြိုင်ပွဲတွင် ရေးဆွဲထားသည့် ပန်းချီကားများအပေါ်
လိုအပ်ချက်များကို သုံးသပ်ပြောကြားကာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအား ဆုငွေနှင့်လက်ဆောင်ပစ္စည်းများကို
မြို့နယ်ဦးစီးမှူးနှင့် ပြိုင်ပွဲကြီးကြပ်သူများက ချီးမြှင့်ခဲ့သည်။
ကျော်ဝင်း(ပြန်/ဆက်)


No comments:
Post a Comment