Tuesday, January 24, 2017

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် ဇနီးဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာ

နေပြည်တော် ဇန်န၀ါရီ ၂၄
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ထိုင်းဘုရင့်တပ်မတော်ကြည်း တပ်ဦးစီးချုပ် General Chalermchai Sitthisad နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။ 

ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်မိုးမြင့်ထွန်း၊ တပ်မတော်အရာရှိကြီးများနှင့်အတူ နေပြည်တော်ရှိ နယ်မြေခံ လေ့ကျင့်ရေးကျောင်းသို့ သွားရောက်၍ မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့ဝင်များ၏ လေ့ကျင့်သရုပ်ပြသနေမှုများနှင့် လေ့ကျင့်ရေးကွင်း တည်ဆောက်ထားရှိမှုကို ကြည့်ရှုလေ့လာကြပြီး အထူးတပ်ဖွဲ့ဝင်များအတွက် အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော်ကြည်း တပ်ဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို၍ ဆင်ဖြူတော်ဆောင်ရှိ ဆင်ဖြူတော်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိ သည်။

(သတင်းစဉ်)

No comments:

Post a Comment