Thursday, January 26, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသည့် ရွှေကျင်သာသနာပိုင် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ



ရန်ကုန် ဇန်နဝါရီ ၂၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေသည့် ရွှေကျင်သာသနာပိုင်ဆရာ တော်အား ဖူးမြော် ကြည်ညိုပြီး သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့် ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူသည်။


နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် နေပြည်တော်မှ လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ သူရဦးအောင်ကို၊ မန္တလေး တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင် ကျော်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ၀င်းဗိုလ်ရှိန်တို့နှင့်အတူ မန္တလေးပြည်သူ့ ဆေးရုံကြီး အထူးကြပ်မတ်ကုသ ဆောင်၌ ဆေးဝါးကုသမှု ခံယူနေသည့် မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မ ဇောတိက ရွှေကျင် သာသနာပိုင် ဘဒ္ဒန္တအဂ္ဃိယအား သွားရောက် ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲနှင်းဓမ္မ ဗိမာန်တော် ကြီး၌ ကျင်းပသည့် သံဃာအဖွဲ့အစည်း အဆင့်ဆင့် ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူပွဲသို့ တက်ရောက်သည်။

သြ၀ါဒခံယူပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သာသနာတော်ကိုစောင့် ရှောက်လျက်ရှိကြသည့် ဆရာတော်ကြီးများအား တစ်စုတစ်ဝေးတည်း ဖူးမြော်ခွင့် ရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊  ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူလိုပါကြောင်း လျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အတုလကာရီ ဆင်မင်းကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသ က မြတ်စွာဘုရားဟော ကြားတော်မူခဲ့သော “ရာဇအပရိဟာနိယ”ခေါ် အစိုးရမင်းတို့၏ မဆုတ်ယုတ်မပျက်စီး​ကြောင်း  တရားတော်နှင့် အစိုးရမင်းများ လိုက်နာကျင့်သုံး အပ်သော “ဒသရာဇဓမ္မ”ခေါ် မင်းကျင့်တရားဆယ်ပါးတို့နှင့် စပ်လျဉ်းသည့် သမ္မောဒနီယ ဩဝါဒ ကထာကို ချီးမြှင့် တော်မူသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


(သတင်းစဉ်)

No comments:

Post a Comment