Tuesday, January 31, 2017

ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးလာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Dr. NikolayListopadovသည် ယနေ့ မွန်းတည့် (၁၂) နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ကူညီဆောင်ရွက်သွားမည့် အစီအမံများ၊ ရခိုင်ပြည်နယ် မောင်တောဒေသ၏ လက်ရှိ တည်ငြိမ်အေးချမ်းမှုနှင့် နှစ်ဖက်လူ့အဖွဲ့ အစည်းအတူ လက်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့နေမှုများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအား အကောင်အထည်ဖေါ် ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူ ဖြစ်စေနိုင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းများအတွက် စားဝတ် နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးရည်ရွယ်၍ အခြေခံအဆောက် အဦများ ဆောက်လုပ်ပေးနေမှု၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေများနှင့် လတ်တလော လိုအပ်ချက်များအတွက် ထောက်ပံ့ကူညီပေးနေမှု အခြေအနေများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဘက်စုံ၊ ကဏ္ဍစုံမှေ ဒသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုများနှင့် နှစ်နိုင်ငံ ဆက်လက် ပိုမိုပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment