Tuesday, January 31, 2017

လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီး ရွှေတိဂုံ စေတီတော်သို့ သွားရောက်ကြည်ညို


ရန်ကုန်-ဇန်န၀ါရီ (၃၁)

ရန်ကုန်မြို့တွင်ရောက်ရှိနေသည့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံပညာရေးနှင့် အားကစားဝန်ကြီးဌာန ၀န်ကြီး H.E. Mrs. Sengdeuane  LACHANTHABOUNE သည် အဖွဲ့ဝင်များနှင့်အတူယနေ့နံနက် (၁၀)နာရီ တွင် ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။


ထို့နောက် လာအိုဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံစေတီတော်အားပန်း၊ ရေချမ်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပြီး အလှူငွေများပေးအပ်လှူဒါန်းကာ လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၀န်ကြီးနှင့် အဖွဲ့သည် ညနေပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။
(သတင်းစဉ်)

No comments:

Post a Comment