Tuesday, January 31, 2017

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် (၁၂)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာပန်ကြားချက် (၂၀၁၇) ဆွေးနွေးပွဲ ဖွင့်ပွဲ တက်ရောက်


နေပြည်တော် ဇန်န၀ါရီ ၃၁

အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေတို့သည် ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် အိန္ဒိယ သမ္မတနိုင်ငံ ဒေလီမြို့ Taj Palace Hotel ၌ ကျင်းပသည့် (၁၂)ကြိမ်မြောက် အနာကြီး ရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံရေး အဆုံးသတ်ရေးအတွက် ကမ္ဘာလုံး ဆိုင်ရာပန်ကြားချက် (၂၀၁၇) ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။


ယင်းနောက် Nippon Foundation မှတာဝန်ရှိသူများ၊ WHO မှ တာဝန်ရှိသူများ အား တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်၍ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် (၁၂) ကြိမ်မြောက် အနာကြီး ရောဂါရှင်များအား မနှစ်မြို့မှုနှင့် ခွဲခြားဆက်ဆံရေး အဆုံးသတ်ရေး အတွက် ကမ္ဘာလုံး ဆိုင်ရာ ပန်ကြားချက် (၂၀၁၇) ဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အနာကြီး ရောဂါခံစား နေရသည့် လူနာများအား ခွဲခြားဆက်ဆံမှု မရှိစေရေးနှင့် လိုအပ်သည့်ထောက်ပံ့ ကူညီမှုများရရှိရေး၊ မြန်မာနိုင်ငံအတွင်း အနာကြီးရောဂါ ဝေဒနာလုံးဝ ပပျောက် ကင်းစင်ရေးအတွက် လွှတ်တော် အနေဖြင့် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment